Popular Posts

Tuesday, 10 December 2013

HOW TO DELETE EXTRA WINDOWS IN YOUR COMPUTER(EASY)

ဒီpostက ကျွန်တော်တို့ End user တွေအများအပြားကြုံရလေ့ရှိတဲ့ ၀င်းဒိုးအသစ်တင်တဲ့ အခါတိုင်းမှာ
partition ကိုမှားတင်မိတာတို့ ဖောမတ်မချမိတာတို့ ဖြစ်ပြီး ကွန်ပျူတာမှာ ၀င်းဒိုးတစ်ခုထက်ပိုပြီး နှစ်ခုဖြစ်သွားတက်ပါတယ်..အဲ့လိုဆိုဘယ်လိုဖြစ်မလည်းဆိုတော့ ကွန်ပျူတာ စစဖွင့်ဖွင့်ချင်းမှာ ဘယ်ဝင်းဒိုးနဲ့တက်မလည်းဆိုပြီး ၀င်းဒိုးကိုအရင်ရွေးခိုင်းတော့တာပဲ..ရှုပ်ပါတယ် ကျွန်တော်တို့မလိုအပ်တော့တဲ့ ၀င်းဒိုးအဟောင်းကိုဒီလိုနည်းလေးနဲ့သာ ဖျတ်ထုတ်လိုက်ပါ နောက်ဆို ဘယ်ဝင်းဒိုးနဲ့တက်မလည်းလို့မမေးတော့ပဲ ကိုယ်အသစ်တင်ထားတဲ့ ၀င်းဒိုးသာဒါရိုက် RUNတော့မှာဖြစ်ပါတယ်။လွယ်လွယ်လေးပါ ၀င်းဒိုးတက်ပြီးတာနဲ့ START=>SEARCH PROGRAMS AND FILES ဆိုတဲ့နေရာမှာ msconfig လို့ရိုက်ပြီး Enter ကီးခေါက်ပါ ပြီးရင်တော့အောက်ကပုံတွေအတိုင်းအဆင့်ဆင့်လုပ်သွားလိုက်ပါ။

Boot Tab ကိုရွေးပါ ဒီမှာအရေးကြီးတာက ကိုယ်လက်ရှိအသုံးပြုထားတဲ့ ၀င်းဒိုးအသစ်နဲ့ ကိုယ်အသုံးမလိုတော့တဲ့ဝင်းဒိုးအဟောင်းကို အရွေးမမှားမိဖို့ပါပဲ..သေချာကြည့်ရင်သိနိုင်ပါတယ် လက်ရှိသုံးနေတဲ့ ၀င်းဒိုးနေရမှာ current ဆိုတာပါပါတယ် အဲ့ဒါဆိုရင်နောက်တစ်ခုဟာကိုယ်ဖျတ်ရမယ့်ဝင်းဒိုးဆိုတာသေချာပါပြီ..Mark လုပ်ပြီး DELETE လုပ်ပါ..APPLY AND OK ပါ.
ပြီး၇င်တော့စက်ကို RESTART ချပေးလိုက်ပါ ၀င်းဒိုးပြန်တက်လာတာနဲ့ အရင်လိုမမေးတော့ပဲ ဒါရိုက်တက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ အဆင်ပြေကြပါစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...